Loader

Terms and Conditions

  • တွေ့ဆုံဆွေးနွေးမှုကို Zoom meeting စနစ်မှတစ်ဆင့် ဆောင်ရွက်မည်ဖြစ်ပြီး၊ ချိန်းဆိုမှုကို လက်ခံရရှိကြောင်း Email နှင့် အစည်းအ‌ဝေးသို့ ဝင်ရောက်နိုင်မည့် Zoom meeting link ပါဝင်သည့် အတည်ပြု Email တို့ကို ပြန်လည်ပေးပို့သွားမည် ဖြစ်ပါသည်။

  • ယခု တွေ့ဆုံမှုစနစ်တွင် လက်ခံတွေ့ဆုံဆွေးနွေးမည့်သူကို ရွေးချယ်ခွင့်မရှိပါ။ တွေ့ဆုံဆွေးနွေးသည့်နေ့တွင် တာဝန်ကျသည့် အရာထမ်းနှင့်သာ တွေ့ဆုံဆွေးနွေးနိုင်မည် ဖြစ်ပါသည်။တွေ့ဆုံခွင့်တောင်းခံသူသည် တစ်ရက်လျှင်တစ်ကြိမ် ချိန်းဆိုမှုပြုလုပ်နိုင်ပြီး၊ ချိန်းဆိုမှုအတွက် အများဆုံးရရှိနိုင်မည့် ကြာမြင့်ချိန်မှာ ၃၀ မိနစ် ဖြစ်ပါသည်။

  • တွေ့ဆုံခွင့်တောင်းခံသူသည် တစ်ရက်လျှင်တစ်ကြိမ် ချိန်းဆိုမှုပြုလုပ်နိုင်ပြီး၊ ချိန်းဆိုမှုအတွက် အများဆုံးရရှိနိုင်မည့် ကြာမြင့်ချိန်မှာ ၃၀ မိနစ် ဖြစ်ပါသည်။

  • တွေ့ဆုံခွင့် တောင်းခံသူအနေဖြင့် ချိန်းဆိုထားသည့် အချိန်မတိုင်မီ ၁၀ မိနစ်အလိုတွင် Zoom meeting သို့ ကြိုတင် ဝင်‌ရောက်ထားရမည် ဖြစ်ပါသည်။

  • တွေ့ဆုံခွင့်ရရှိထားသည့် အချိန် ၁၀ မိနစ် ကျော်လွန်သည်အထိ အစည်းအဝေးသို့ ဝင်ရောက်နိုင်ခြင်း မရှိပါက ဆွေးနွေးမှု ပြီးဆုံးသည်ဟု မှတ်ယူမည် ဖြစ်ပါသည်။

  • အကျိုးရှိ ထိရောက်သည့် တွေ့ဆုံဆွေးနွေးမှု ဖြစ်စေရေးအတွက် သက်ဆိုင်ရာ စာရွက်စာတမ်းများနှင့် အထောက်အထားများကို အဆင်သင့် ယူဆောင်ထားရန်နှင့် တွေ့ဆုံမှု မစတင်မီ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန Website ဖြစ်သည့်www.dica.gov.mm သို့ ကြိုတင်ဝင်ရောက်၍ ကြည့်ရှု လေ့လာထားရန်လည်း အကြံပြုအပ်ပါသည်။

  • အစည်းအဝေးမှတ်တမ်းများအားလုံးကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထိန်းသိမ်းထားမည်ဖြစ်ပြီး၊ တွေ့ဆုံဆွေးနွေးမှု၌ ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့် အကြံပြုချက်များအပေါ် ဥပဒေကြောင်းအရ စည်းနှောင်ရန် အကျုံးဝင်မည်မဟုတ်ပါ။

  • အစည်းအဝေးကို ပါ၀င်တက်ရောက်သူများအားလုံးသည် သပ်ရပ်စွာ ဝတ်စားဆင်ယင်မှုရှိရမည် ဖြစ်သည်။ အကယ်၍ တွေ့ဆုံခွင့်တောင်းခံသူဖက်မှ ရိုင်းပျသည့် အပြုအမူ၊ အပြောအဆိုများ ပြုလုပ်ပါက အဆိုပါပုဂ္ဂိုလ်များ၏ ထပ်မံ ချိန်းဆိုမှုများအတွက် ကန့်သတ်မှုများ ရှိနိုင်ပါသည်။

  • တွေ့ဆုံဆွေးနွေးရန် ချိန်းဆိုမှုများအားလုံးကို မြန်မာစံတော်ချိန် (UTC/GMT + 6:30 နာရီ) ပေါ်တွင် အခြေခံမည်ဖြစ်ပါသည်။